Galaxy SII (GT-i9100) Root နည်း
ရှာတယ် ဖွေတယ် ဆိုတာ ပညာတစ်ပါးပါပဲ ကျွန်တော် အခု
Galaxy S2 ကို Odin မလိုပဲ Root နည်းလေးကို
အားလုံး နားလည်အောင် ရှင်းပြရင်း ပြပေးပါ့မယ်
အရင်ဆုံး Root ဖို့ CWM သွင်းဖို့ နည်းလမ်းလေး ပြောပြပါမယ်ခင်ဗျာ
အောက်က Link လေးတွေမှာ လိုအပ်တာလေးတွေ အရင်ဒေါင်းလိုက်ပါနော်
အပေါ်က file လေး နှစ်ခုကို Download ဆွဲပြီးပြီ ဆိုရင်တော့ SD Card အလွတ်ထဲ ထည့်လိုက်ပါ
ပြီးရင် ဖုန်းကို Power ပိတ်လိုက်ပါ။
Vol up +Home + Power စတဲ့ Key သုံးခု တစ်ပြိုင်တည်း နှိပ်ထားပါ
Recovery တက်လာမှ လွှတ်လိုက်ပါ။
အထပ်ပါ ပုံအတိုင်း Recover Mode ၀င်သွားပြီဆိုရင်တော့
apply sdcard update.zip
ဆိုတဲ့ စာကြောင်းလေးကို ၀င်လိုက်ပါ
SD Card ထဲ ရောက်ပြီဆိုရင်ဖြင့် cwm-touch-6.0.1.1-i9100.zip ကိုရွေးပါ
Install လုပ်ပေးလိုက်ပါ။
ဒါဆိုရင် ဒီလိုပုံလေး ထပ်ပေါ်လာပါမယ်...
Odin လုံးဝ လုံးဝ မလိုပဲ CWM ၀င်သွားတာပါခင်ဗျာ...
ဒါဆို Backup လုပ်တာ တွေ ဘာတွေ လုပ်ထားလို့ရပါပြီ။
Root မယ်ဆိုရင်တော့
install zip form sd card ကို သွားလိုက်ပါ
အဲ့ဒီမှာ CWM-SuperSU-v0.92.zip ဆိုတာလေးကို ရွေးပါ
Install လုပ်ပေးပါ။
ပြီးရင် Back ပြန်ထွက်ပြီးတော့ Reboot System Now ကို နှိပ်လိုက်ပါ။
သင်တို့ အလွန် ကြည့်ရဆိုးလှတဲ့ အ၀ါရောင် ကြိဂံ လေးလဲ ပေါ်မလာပဲ
အထဲမှာ Super Su လေး ပေါ်လာပါမယ်...
ကဲ အဲ့ခါကျ ကြိုက်တာလိုချင်တာ လုပ်ကြပေတော့ဗျာ...
သစ်ဆန်းခန့်
thitsankhant@gmail.com
U8661 Eng Recovery
Huawei U8661 အတွက် CWM Recovery ပါ။
Recovery အဆင်မပြေဘူးလို့ လာလာပြောနေတဲ့ user တွေ အတွက် MPX Team မှ
ပြန်လည်ကူး ယူ ဖော်ပြပေးလိုက်ပါတယ်။
Credit : http://mm-mpxteam.net
Huawei T8620 နှင့် T8630 Root နည်း
တောင်းဆိုထားကြလို့
Root ဖိုင်လေးကို ရှာတင်ပေးလိုက်ပါတယ်
အောက်မှာ Download ဆွဲပါ...
Credit : Myanmar MPX TEAM
MONDAY, OCTOBER 15, 2012
Huawei U8818,U8815.C8812 ICS Root
ခု တလော U8818 ကို Unlock Bootloader Tools နဲ့
Root မရတော့ဘူး ဆိုသူတွေ အတွက်
ကျွန်တော် နည်းလမ်းလေး လိုက်ရှာရင်း
ဒီ http://androidforum.cz မှာ တွေ့တာပါ
သူပေးထားတဲ့ နည်းအပြင် ကျွန်တော် နည်းနည်း ထပ်ပြင်ဆင်ထားပါတယ်။
အရင်ဆုံး U8818 ICS Root.rar ကိုအရင် Download ထားလိုက်ပါ
pass ကတော့ thitsankhant ပါ။
Download ဆွဲထားတဲ့ U8818 ICS Root.rar ကို ဖြေလိုက်ပါ
ထိုအထဲမှ U8818 ICS.bat ကို Run ပေးထားရပါမယ်…
ဖုန်းကိုတော့ ပါဝါဖွင့်ပြီး ကြိုးထိုးထားပါ။
cd /data/local/tmp
chmod 777 ./myanmarmobileapp
./myanmarmobileapp 0xd524 0xab8f sh
mount -o remount,rw -t ext4 /dev/block/mmcblk0p12 /system
cat /data/local/tmp/su > /system/xbin/su
chown 0.0 /system/xbin/su
chmod 06755 /system/xbin/su
cat /data/local/tmp/supersu.apk >/system/app/supersu.apk
chown 0644 /system/app/supersu.apk
exit
exit
U8818 ICS.bat
ကို Run ပြီးနောက်ပိုင်း
cmd လေးပေါ်လာမှာ ဖြစ်ပြီး ထို cmd ထဲတွင် အောက်ပါ code များအား တစ်လိုင်းစီ ရိုက်ပြီး enter ခေါက်ပေးပါ
အားလုံး ပြီးတဲ့ အထိ တစ်ကြောင်းရိုက်လိုက် Enter ခေါက်လိုက် လုပ်ပေးသွားပါ။
အားလုံးပြီးသွားတဲ့ အခါမှာတော့ ဖုန်း ကို ဖွင့်ကြည့်လိုက်ပါ
Super SU လေးပေါ်နေတာ တွေ့ရမှာဖြစ်ပါတယ်။
အားလုံးအဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ…
သစ်ဆန်းခန့်
thitsankhant@gmail.com
chmod 777 ./myanmarmobileapp
./myanmarmobileapp 0xd524 0xab8f sh
mount -o remount,rw -t ext4 /dev/block/mmcblk0p12 /system
cat /data/local/tmp/su > /system/xbin/su
chown 0.0 /system/xbin/su
chmod 06755 /system/xbin/su
cat /data/local/tmp/supersu.apk >/system/app/supersu.apk
chown 0644 /system/app/supersu.apk
exit
exit
Huawei U9200 ICS (ROOT+Recovery+MM FONT+Google)
(1)
ကျွန်တော် အရင်က တင်ပေးခဲ့တဲ့ ပိုစ်မှာ U9200 ကို Root နည်းက
Unlock Bootloader Tools နဲ့ ဖြစ်ပါတယ်။
ခုတော့ နောက်တစ်မျိုး ပြသပေးပါ့မယ်
အစ အဆုံး မပြရင် တိုင်ပတ် တက်တဲ့ ညီအကို မောင်နှမတွေ အတွက်
ဖြစ်လို့ အဆင်ပြေမပြေဆိုတာလေးတော့ မှတ်ချက်ပေးခဲ့ပါ။
(2)
ဒီအချိန်မှာ လိုအပ်တာတွေ အရင် Download ဆွဲထားကြရအောင်…
pass – thitsankhant
(3)
Download ဆွဲထားတဲ့ adb fastboot ဖိုင်ကို ဖြေလိုက်ပါ။
ပြီးလျင် u9200.img ဖိုင်လေးအား ခုနက ဖြေထားတဲ့
adb fastboot ဖိုင်လေးထဲသို့ သွားပစ်ထည့်လိုက်ပါ။
(4)
များအား zip မဖြေပဲ ထိုအတိုင်း SD Card အလွတ်တစ်ခုတွင်
ထည့်ပြီး ဖုန်းအတွင်းသို့ ထို SD Card အား ထည့်သွင်းထားလိုက်ပါ။
(5)
ယခုဆိုလျင် ဖုန်းအား System Setting အတွင်းတို့ ၀င်ရောက်ကာ
Security အတွင်းမှ Unknown sources အား အမှန်ခြစ်ပေးပါ။
ထို့နောက် System Setting ထဲမှ Developer options အားဝင်ကာ
USB debugging အား အမှန်ခြစ်ပေးပါ။
ပြီးလျင် ဖုန်းအား ကွန်ပြုတာဖြင့် ချိတ်ဆက်ကာ Driver သိအောင် လုပ်ပေးရပါမယ်။
(6)
အခုဆိုရင် Driver သိသွားပြီး နောက် ဆက်လုပ်ရမှာက
ခုနက zip ဖြေထားတဲ့ adb fastboot ဖိုင်လေးထဲကို သွားပါ
ဖိုင်အတွင်း Shift Key နှင့် Righit Click ပေါင်းနှိပ်ပါ
box တက်လာရင် Open Command Windows here ကို နှိပ်လိုက်ပါ
ခုဆိုရင် CMD run box လေး တက်လာပါပြီ
ဖုန်းကို fastboot ခေါ်ပါတော့မယ်။
(7)
အခုက စပြီးတော့ ကျွန်တော် ရိုက်ခိုင်းတဲ့ စာကြောင်းအတိုင်း တိတိကျကျ ရိုက်သွားပါမယ်
adb reboot bootloader ကိုရိုက်ပြီး Enter နှိပ်လိုက်ပါ
ဖုန်း Reset ကျသွားပြီး ပြန်တက်လာလျင် Huawei Logo မှာ ရပ်နေပါမယ်
ဒါဆို Fastboot mode အောင်မြင်ပါတယ်။
နောက်တစ်ဆင့်ကတော့
fastboot flash recovery u9200.img ဆိုပြီးရိုက်လိုက်ပါ ပြီးရင် Enter ကိုနှိပ်
သူက Recovery စရေးပါမယ်
ပြီးသွားပြီ ဆိုရင် OK ပြပြီး Finish ပြပါမယ်…
ဒါဆိုရင် Recovery အဆင့် ပြီးဆုံးအောင်မြင်ပါပြီ။
PH ကို ပါဝါ ပြန်ပွင့်ဖို့ အတွက်
fastboot reboot ကိုရိုက်ပြီး Enter နှိပ်ပါ
ဖုန်း ပါဝါပြန်ပွင့်လာပါမုယ်။
(8)
ဖုန်းကို ပါဝါ ပြန်ပိတ်လိုက်ပါ။
ငါးစက္ကန့် ကြာလျင်
VOL UP + Power Key အား Recovery boot menu မပေါ်မခြင်း နှိပ်ပေးထားပါ
စက်ရုပ်ကလေးပေါ်လာပြီး Boot menu စာတန်းလေးတွေ မြင်ရပီ ဆိုရင် ခလုပ်တွေကို လွှတ်လိုက်ပါ။
(9)
ကျွန်တော် ပေးထားတဲ့ U9200 Recovery သည် Touch ဖြစ်တဲ့ အတွက်
တစ်မူထူးခြားပြီး Link တိုင်းကို လက်နဲ့ ထိတွေ့ပြီး
လျင်မြန်စွာ ၀င်ရောက် ပြုလုပ်နိုင်ပါတယ်။
ကဲ နောက်လိုက်ရမယ့် ကိစ္စတွေကတော့
install zip from sd card ဆိုတာလေးကို ၀င်ပါ။
choose zip from sdcard ဆိုတာလေးထဲ ထပ်ဝင်လိုက်ပါ။
ကဲ အခုဆိုရင် SD Card ထဲ ရောက်ပြီ ဖြစ်လို့
ခုနက SD Card ထဲ ထည့်ထားတဲ့
နှင့်
ဆိုတဲ့ zip ဖိုင်လေး နှစ်ခုစလုံးကို ရွေးပြီး
Click ပါ install လုပ်ပါ
No နှင့် Yes ရွေးခိုင်းလျင် Yes ကိုသာ ရွေးပြီး Click နှိပ်ပါ။
ဘားလုံး ပြီးသွားလျင် reboot system now ကို နှိပ်ပါ။
ဖုန်းပါဝါတ် ပိတ်ပြီး ပြန်ပွင့်လာလျင် Super SU နှင့်
Google App များ ဖြစ်တဲ့ Gtalk နှင့် Gmail များပါ
ရောက်ရှိနေတာ တွေ့ရပါလိမ့်မယ်။
(10)
PH ပါဝါ ပြန်ပွင့်နေတဲ့ အချိန်မှာ File Manager ကနေတဆင့် SD Card ထဲမှ
စတဲ့ Android APK နှစ်ခုအား Install လုပ်ပေးပါ။
ပြီးလျင် Zawgyi Installer အား ဖွင့်လိုက်ပါ
Chat For Root Acess လုပ်ခိုင်းပါမယ်
Grant And Deny နှစ်ခုထဲက Grant ကိုရွေးရမှာ ဖြစ်ပါတယ်
Grant ကို ရွေးမှ Zawgyi Installer အား အသုံးပြု၍ ရရှိမည်ဖြစ်ပါတယ်။
ပြီးသွားပြီဆိုရင်တော့ Zawgyi Installer ထဲမှ သင်ကြိုက်နှစ်သက်ရာ
Font Style လှလှလေးများအား စိတ်ကြိုက်ရွှေးချယ်နိုင်ပါပြီ။
သင်လိုချင်တဲ့ Font Style ကို ရွေးချယ်ပြီးပြီ ဆိုရင်တော့
Exit & Reboot Phone
ကိုနှိပ်လိုက်ပါ ပါဝါပိတ်သွားပြီး
ပြန်ပွင့်လာလျင် မြန်မာဖောင့် ရရှိပြီ ဖြစ်ပါတယ်။
(11)
System Setting ကို ၀င်ပါ
Language and input
ဆက်တင် ထဲကို ထပ်ဝင်ပါ။
Frozen Keyboard အား အမှန် ခြစ်ပေးပါ။
“
OK ကို နှိပ်ပါ။
ယခု ဆိုရင် သင့်ဖုန်းသည် Root ပြီး မြန်မာဖောင့် ထည့်ပြီး
Google App များ ထည့်သွင်းပြီး လိုလေသေး မရှိ
ပြည့်စုံသွားပါပြီ။
၁၂ နာရီကနေ စရေးတာ ခုဆို မနက် ၃ နာရီ ထိုးတော့မယ်…
ကျွန်တော်လဲ အိပ်ပါတော့မယ်…
အားလုံး အဆင်ပြေပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ…
သစ်ဆန်းခန့်
thitsankhant@gmail.com
ဓါတ်ပုံများ – Google Image
App များ - xda-developers, myanmarmobialeapp, mmuc တို့မှ အသုံးပြုပါသည်။
TUESDAY, OCTOBER 2, 2012
Galaxy Tab 2 7″ (Root) လုပ်နည်း
ခုတလော ညအိပ်လို့ မရတာ အတော်ကြာပြီ
အတော်ကြာဆို Online မှာ
မိတ်ဆွေ သူငယ်ချင်းတွေ တောင်းဆိုသမျှတွေကို
ကိုယ်သိသလောက် တက်သလောက် မှတ်မိသလောက်
ပြန်လည် ဝေမျှရင်းနဲ့ ပိုစ်တစ်ခု တင်ရင် အချိန်က အနည်းဆုံး
၃ နာရီလောက်ပေးရပါတယ်..
တစ်ခါတလေ ဟိုရေး ဒီရေး ဟိုဟာတင် ဒီဟာတင် နဲ့
မနက် သုံးနာရီကို ထိုးရော အိပ်ရေးပျက်လို့ မျက်ကွင်းတွေလဲချောင်..
အဲ့..
ပြောရင်းနဲ့ ဘေးရောက်ကုန်ပြီ.. :P
Galaxy Tab 2 7" ကို Root ချင်ပါတယ် ဆိုတဲ့ သူတွေအတွက် ဒီနေရာလေးမှာ သေချာတင်ပေးလိုက်ပါတယ်
အရင်လိုပဲ အဆင့် တစ်ဆင့်ချင်း ပြသပေးမှာ ဖြစ်လို့ ခေါင်းနောက်စရာတော့ ကြုံရမှာမဟုတ်ပါဘူး။
ကဲ စမယ်...
Galaxy Tab 2 မှာက Model အမျိုးမျိုး ရှိလို့ သင့်တော်ရာ ClockworkMod ကိုရွေးချယ်ပါ
တစ်ခုခု မှားသွားခဲ့ရင် ပြင်နိုင်ဖို့ အတွက် အောက်မှာကတော့ Roms တွေကို အရံသင့်ပေးထားပါတယ်။
Samsung Galaxy Tab 2 (GT-P3100) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P3110) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P5110) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P3113) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P5100) | Download ROMs | 6.0.1.1 |
Samsung Galaxy Tab 2 (GT-P5113) | Download ROMs | 6.0.1.1 |
ATTACHED FILES
Fix-Recovery.zip - [Click for QR Code] (144.7 KB, 5592 views) | |
cwm-root-gtab2.zip - [Click for QR Code] (1.22 MB, 4722 views) |
1. လိုအပ်တဲ့ Clock Work Mod recovery ကိုရွေးချယ် Download ဆွဲပါ။ (ဥပမာ - P3100 - 6.0.1.0: Download)
2. ပြီးတော့ cwm-root-gtab2.zip ကို Download ဆွဲ၍ external sdcard ထဲသို့ ထည့်ပါ။
3. ထပ်ပြီး Fix-Recovery ဖိုင်ကိုလဲ external sdcard ထဲသို့ ထည့်ပါ။
4. ဖုန်းကိုပါဝါပိတ်ပါ။
5. Download-Mode ကို ၀င်ဖို့အတွက် (Power+Vol Down) ကိုနှိပ်ပြီး Download-Mode ကိုရှေ့ဆက်ရန်အတွက် Vol Up ကိုနှိပ်ပါ။
(အောက်ပါ ပုံအတိုင်းပါ)
6. Odin ကို ဖွင့်ပါ။
(အောက်ပါပုံအတိုင်းပါ)
7. PDA ကနေပြီးတော့ သင် Download ဆွဲထားတဲ့ သက်ဆိုင်သော Root.tar ဖိုင်လေးကို
"GT-P31XX_ClockworkMod-Recovery_X.X.X.X.tar" ဆွဲယူထည့်လိုက်ပါ။
8. Tab2 နဲ့ ကွန်ပြုတာကို ကြိုးဖြင့် ချိတ်ဆက်လိုက်ပါ ပထမ အကွက်လေးမှာ မီးလေး ၀ါသွားရင် စတင် ချိတ်မိသွားပါပြီ။
9. Reset Time နှင့် Auto Reboot တို့ကို အမှန်ဖြုတ်ထားပါ အထပ်ပါ Odin ပုံလေးထဲက အတိုင်းပါပဲ။
10. ပြီးရင်တော့ Start ကို နှိပ်ပါ။
(အောက်ပါပုံအတိုင်းပါ)
10. PASS, ဖြစ်သွားရင်တော့ usb cable ကြိုးကို ဖြုတ်ပြီး
Vol Up + Power နှိပ်ပါ Samsung Galaxy Tab screen ပေါ်လာခဲ့ရင် power button ကိုလွှတ်လိုက်ပြီး Vol Up ကိုဆက်နှိပ်ထားပါ။
(အောက်ပါ ပုံအတိုင်းပါ)
11. အခုဆို CWM recovery ထဲရောက်သွားပြီ ဖြစ်လို့ fix recovery နှင့် cwm-root တွေကို အသီးသီး Install လုပ်ပေးလိုက်ပါ။
12. ပြီးရင်တော့ reboot system now ကိုနှိပ်ပြီး Reset ချလိုက်ပါ Power ပြန်တက်လာရင် Root ပြီးသားဖြစ်နေမှာပါ။
အဆင်ပြေပျော်ရွှင်နိုင်ကြပါစေဗျာ...
ပိုစ်လေး တစ်ခုရေးဖို့ အချိန်တွေ ပေးခဲ့တယ် အဲ့ဒီ အချိန်လေးတွေအတွက်
ဒီပိုစ်လေးကို အသုံးပြုပြီး ပျော်ရွှင်ရမယ့် သင်တို့ စိတ်ကလေးတွေအတွက်
ကျွန်တော်လဲ ပြန်လည်ပျော်ရွှင်ရပါတယ်..
Thit San Khant
thitsankhant@gmail.com
PH 09 421016108
မူရင်း - xda-developers အား ပြန်ဆိုပါသည်။
Samsung Galaxy S Advance (Root)
Galaxy S Advance ကို Root နည်းရေးဖို့ ဖုန်းဆက်နည်းနဲ့ တစ်မျိုး အွန်လိုင်းမှ တစ်ဖုံ
ဝိုင်းဝန်း နှိပ်စက်ကြကုန်သော MMAS မိသားစု တွေ အတွက်
ကျွန်တော် ဒီပိုစ်လေးကို တင်ပေးလိုက်ရပါတယ်..
အရင်လိုပဲ အားလုံး နားလည် လွယ်မယ့် ပုံစံလေးနဲ့ တင်ပေးလိုက်ပါတယ် ခင်ဗျာ။
၁။ အရင်ဆုံး Driver နဲ့ GT-I9070_root.rar ဖိုင်လေးကို Download ဆွဲပါ။
ဒါလေးကတော့ အများအားဖြင့် ကြုံတွေရတဲ့ Driver မသိတဲ့ ပြသနာကိုဖြေရှင်းဖို့
SAMSUNG_USB_Driver လေးပါ
၂။ အခုဆိုရင် Download ဆွဲလို့ပြီးသွားပြီဖြစ်ပါတယ်...
GT-I9070_root.rar ကို ဖြေလိုက်ပါ။
၃။ GT-I9070_EUR_XX_8G_20111220_KL6.pit
Odin3 v1.83.exe
rootkernel.tar.md5
xxld1.tar.md5
တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
၎။ Odin3 v1.83.exe ကို ဖွင့်ပါ
၅။ ဖုန်း Settings ကိုသွားပါ, ပြီးရင် Aplications -> Development ထဲကိုဝင်
USB Debugging နှင့် Allow mock locations.နှစ်ခုလုံးအား အမှန်ခြစ်ပေးထားပါ။
၆။ ဖုန်းကို ပါဝါပိတ်ပါ ငါးစက္ကန့်ကြာလျင် Download mode ကိုဝင်ဖို့အတွက်, ဖုန်း၏ Volume Down + Home button + Power buttonကိုတွဲ နှိပ်ထားပေးပါ
Download Mode ပေါ်လာလျင် လွှတ်လိုက်ပြီး ကွန်ပြုတာနှင့် ကြိုး စတင်ချိတ်ဆက်ပါ။
၇။ ဒီအချိန်မှာသာ Samsung Driver မသိခဲ့ရင် Deriver ကို Install လုပ်ပေးပါ။
Driver သိသွားပြီဆိုရင်တော့ Odin ရဲ့ ပထမ အကွက်လေးမှာ မီးလေး ၀ါမယ် ဒါမှမဟုတ် စိမ်းလာပါမယ်။
ဒါဆို စတင်လို့ရပါပြီ။
၈။ PIT ဆိုတဲ့ ခလုပ်လေးကို နှိပ်ပါ ပြီးရင် ခုနက ဖြေထားတဲ့ Root ဖိုင်လေးထဲက
GT-I9070_EUR_XX_8G_20111220_KL6.pit ကို ရွေးထည့်ပေးလိုက်ပါ
PDA ဆိုတဲ့ ခလုပ်လေးမှာတော့ rootkernel.tar.md5 ကိုရွေးထည့်ပေးပါ
ပြီးရင်တော့ Auto Reboot နဲ့ F.Reset Time ဆိုတာလေး နှစ်ခုကိုသာ အမှန်ခြစ်ပြီး
Start ကိုနှိပ်ပါ သူ့ဟာသူ အလုပ်ဆက်လုပ်သွားပါလိမ့်မယ်။
၉။ PASS! ဆိုပြီး အစိမ်းရောင်လေး ဖြစ်ပြီး ဖုန်းပါဝါပွင့်လာမှ ကြိုးဖြုတ်ပါ ဒါဆိုရင် သင့်ဖုန်း Root ဖြစ်သွားပါပြီ။
အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ..
အခက်အခဲ ရှိရင် ဖုန်းဆက်နိုင်ပါတယ်
0 comments:
Post a Comment